၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု (ပြင်ထိန်း) ခွင့်ပြုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်စစ်တွေမြို့နယ်အတွင်း လမ်း၊ တံတားများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စစ်တွေခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် စစ်တွေမြို့နယ် ချောင်းနွယ်ကျေးရွာနှင့် ဇော်နဒတ်ကျေးရွာ အကြားဖောက်လုပ်ထားသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု (ပြင်ထိန်း) ခွင့်ပြု ရန်ပုံငွေကျပ် ၇၇ ဒသမ ၉ သန်း ဖြင့်အရှည် ၅၂၅ ပေ၊ အကျယ် ၁၈ ပေရှိ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စစ်တွေခရိုင် လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သာနို့အေးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဩဂုတ်၇ ရက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထိုကျေးရွာချင်းဆက် ကွန်ကရစ်လမ်းပြီးစီးမှုကြောင့် ချောင်းနွယ် ကျေးရွာ၊ ဇော်နဒတ်ကျေးရွာ၊ ကံ့ကော်ကျွန်း ကျေးရွာနှင့် ရွာသစ်ကေကျေးရွာတို့၌နေထိုင်ကြ သည့် လူဦးရေ ၅၇ဝ၅ ဦး၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသောလုပ်ငန်း များအတွက် လွယ်ကူအဆင်ပြေလာမည်ဖြစ်ကြောင်း စစ်တွေမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ပြည့်ဖြိုး(မြဝတီ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်