Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရဲနွယ် စိုက်ပျိုးရေးသမဝါယမအသင်း၏ မိုးစပါးစိုက်ခင်းများ ကြည့်ရှု


29 Sep,2023

နေပြည်တော် စက်တင်ဘာ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရဲနွယ်သမ ‘စံပြ’ ကျေးရွာသို့ သွားရောက်ပြီး ရဲနွယ် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ ဆင်းသုခမျိုးစပါး စိုက်ခင်း (၃၄၉) ဧကနှင့် GW-11 မျိုးစပါးစိုက်ခင်း ဧက(၁၀၀) စိုက်ပျိုးထားမှုအား ကြည့်ရှုစစ်ဆေး သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် အသင်းအမှုဆောင်များက မိုးစပါး (၄၄၉) ဧကစိုက်ပျိုးထားမှုအခြေအနေ၊ ဆောင်းသီးနှံပဲတီစိမ်း (၄၄၉) ဧက လျာထားစိုက်ပျိုး မည့်အခြေအနေ၊ ရက် (၉၀) စပါးမျိုးဖြင့် နွေစပါးဧက (၃၀၀) လျာထားစိုက်ပျိုးမည့် အခြေအနေနှင့် စိုက်ပျိုးရေရရှိနိုင်မှုအခြေအနေ၊ သစ်စိမ်းမြေဩဇာအတွက် ပိုက်ဆံလျှော် (၁၄၉)ဧက စိုက်ပျိုးမည့် အခြေအနေနှင့် သရက်တောရိုး ရေထုတ်မြောင်း ဖောက်လုပ်မည့်အခြေအနေတို့အား ရှင်းလင်း တင်ပြကြသည်။

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ရာသီသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်၊ အထွက်တိုးစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရန်၊ သွင်းအားစုများ တောင်သူ့ လက်ဝယ် အချိန်မီရောက်ရှိရေး တာဝန်ရှိသူများက အလေးထားဆောင်ရွက်ရန်၊ ကြဲပက်စိုက်နည်း စနစ်အစား ပျိုးထောင်စိုက်နည်းစနစ်နှင့် အစေ့ချစိုက်နည်းစနစ်တို့ကို အသုံးပြုသွားရန် တိုက်တွန်း မှာကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ ဆင်းသုခ မျိုးစပါးစိုက်ခင်း၊ GW-11 မျိုးစပါးစိုက်ခင်း၊ ကုန်ထုတ်လမ်း ပေ (၈၀၀၀) ဖောက်လုပ်မည့်နေရာ၊ ရေထုတ်မြောင်း ဖောက်လုပ်ပေးမည့်နေရာ၊ ကျေးရွာတွင်းလမ်း ဖောက်လုပ်မည့်နေရာ၊ နွေစပါး အတွက် အောင်ရေရရှိနိုင်မည့်အခြေအနေ၊ ၄၀၀ ဗို့အားလိုင်း ဆောင်ရွက်ပေးမည့်အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ အသင်းသားတောင်သူများနှင့် ကျေးရွာသူကျေးရွာသားများ၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဖြူးမြို့နယ်၊ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်းလီမိတက်သို့ သွားရောက်ပြီး ဒေသနွားမျိုး (၃၉) ကောင် မွေးမြူထားမှုအား ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်ပြီး GW-11 စပါးမျိုးစိုက်ခင်း (၂၂၅) ဧက၊ ဆင်းသုခနှင့် အခြားစပါးမျိုး (၂၃၇) ဧက စိုက်ပျိုးထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လာမည့်ဆောင်းသီးနှံ၌ ပဲတီစိမ်းနှင့် မတ်ပဲ စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်အောင် စိုက်ပျိုးကြရေး တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm