Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်အောင်မြို့နယ် တံတားတည်ဆောက်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကြည့်ရှုစစ်ဆေး


29 Sep,2023

မြန်အောင် စက်တင်ဘာ ၂၈

    ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် စမ်း-ကံကြီး-အင်ပင်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းနှင့် မြန်အောင်-ကွင်းကြီးဒေါင့်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွေးကိုကို၊ ဟင်္သာတခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကိုကိုသိန်းဇော်လင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

    မြန်အောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သော မြန်အောင်မြို့နယ် စမ်း-ကံကြီး-အင်ပင်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း အလျား ပေ ၆၀၊ အကျယ် ပေ ၂၀၊ အမြင့် ၁၂ ပေ ပထမပိုင်း ဆောင်ရွက်ပြီးစီးမှုနှင့် မြကျောက္ကာကုမ္ပဏီက တာဝန်ယူဆောင်ရွက်သော မြန်အောင်-ကွင်းကြီးဒေါင့်လမ်း ကွန်ကရစ်ခင်းခြင်း အရှည် ၀/၃ မိုင် x အကျယ် ၁၄ ပေ x အမြင့် ၇ လက်မ ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm