ရေကြည် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် New Empire Co., Ltd က တင်ဒါအောင်မြင် ဆောင်ရွက်သည့် ကျုံတာ- ဇရပ်လှလမ်း (လမ်းအရှည် လေးဖာလုံ၊ အကျယ် ၁၂ ပေ ၊ ဒုခုနစ် လက်မ ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ရန်ပုံ ငွေကျပ် ၁၉၁ ဒသမ ၁၈၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွန်ကရစ်လမ်း ရေရှည်တည်တံ့စေရန်အတွက်လုပ်ငန်းဆောင် ရွက်မှုအခြေအနေများကို ယနေ့နံနက် ၁၁ နာရီက ဧရာဝတီတိုင်း ဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)ဦးထွေးကိုကို နှင့် ပုသိမ်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ ) ဦးကျော်သူမင်းတို့က ကွင်းဆင်းစစ်ဆေး၍ အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီ ပြီးစီးရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်