Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကံမမြို့နယ်၌ ကျောက်ရိုးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ် ကြမ်းခင်းတံတားဆောင်ရွက်ပြီးစီး


29 Sep,2023

ကံမ စက်တင်ဘာ ၂၈

            မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သစ်မယ်ဇီ- မြဝတီလမ်းပေါ်တွင် ပေ ၂၀ ကျောက်ရိုးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်းတံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

            အဆိုပါတံတားကို ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၃၈ ဒသမ ၀၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းတံတားကို အသုံးပြု၍ ကျေးရွာ နှစ်ရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် အမြန်ဆုံးဆက်သွယ် သွားလာနိုင်မည်ဖြစ်သည့်အပြင် ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်နှင့် မြို့ပြ ကွာဟမှု လျှော့ချနိုင်ရေးကိုပါ အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

            ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင် နှုန်းကို ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် ရေးဆွဲထားသည့် ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ နှစ်စဉ်အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဇော်ဘီ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm