နေပြည်တော် ၊စက်တင်ဘာ ၂၉ ရက်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲမှ ကြီးမှူးဖွင့်လှစ်သော Basic GIS Training Course (၂/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို (၂၉-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ သင်တန်းသား/သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး ၊ သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသားအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်းကလည်းကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးမှ လည်းကောင်း၊ တတိယဆုရရှိသည့် သင်တန်းသားတစ်ဦးအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အောင်မှလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပြီး အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးထွန်းဝေက သင်တန်းသားအားလုံးကိုယ်စား သင်တန်းဆင်းဂုဏ်ပြု လက်မှတ်များအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ သင်တန်းတက်ရောက်ခဲ့ရခြင်းနှင့်ပတ်သက်၍ သင်တန်းသားအားလုံးကိုယ်စား သင်တန်းသား တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီးနောက် သင်တန်းဆင်းစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်