Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သုံးခွမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


29 Sep,2023

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်စိုးစိုးမြင့်သည် သုံးခွမြို့နယ် ကျေးလက်ဦးစီးမှူး ဒေါ်ခင်နှင်းချိုလိုက်ပါလျက် စက်တင် ဘာ ၂၇ ရက် မွန်းတည့် ၁၂ နာရီက သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် အိသဇင်သန့် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေသည့် အရှေ့တံခွန်တိုင်ကျေးရွာရှိ ရေပေးရေးလုပ်ငန်း၊ ကြုံကြိတ်ကျေးရွာရှိ အမြင့်တင်ရေစင်တည်ဆောက်နေမှုလုပ်ငန်းနှင့် မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ စာရင်းဇယားများ မှန်ကန်စွာဖြည့်စွက်ထားခြင်းရှိ၊မရှိ စစ်ဆေးခဲ့သည်။

          ထို့ပြင်ကျေးလက်ဌာနက ဆောင်ရွက်နေသည့် သခွတ်ကုန်းကျေးရွာ ရေကန်ခြံစည်းရိုးကာရံ ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများနှင့် မြစိမ်းရောင် စာရင်းဇယားများ စစ်ဆေးခဲ့ရာ စီမံကိန်း တာဝန်ခံ၊ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာရေရရှိရေး ကော်မတီဝင်များက ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်ဦးစီးမှူးက ကျေးရွာမှ တင်ပြချက်များကို လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm