အောင်လံ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငမဲကန်ကျေးရွာအုပ်စု၊ မင်းကန်တောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီအောင်က မြစိမ်းရောင် ကျေးရွာစီမံကိန်းလက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များ၊ စီမံကိန်းဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့်အကျိုး ကျေးဇူးများ၊ အတိုးအရင်းများသတ်မှတ်ရက်အတွင်း အချိန်မီပေးသွင်းနိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ ကျေးရွာနေပြည်သူ များထားရှိရမည့် ကျေးရွာစိတ်ဓါတ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ စီမံကိန်း ကျပ် ၃၁၄သိန်း လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက မင်းကန်တောင်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၄၆ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ၅၈ဦးနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးစုစုပေါင်း ၁၀၅ဦးတို့ကို ငွေကျပ် ၃၁၄သိန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီအောင်နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများ၊ ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ၊ အသင်းသူ/အသင်းသား များ တက်ရောက်ခဲ့ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်