ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ ရန်ပုံငွေ၊ ကျေးရွာပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် ဖိုးစံကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းနှင့် မိုဘိုင်းဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ဖိုးစံကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးရွာအဝင် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းနှင့် မိုဘိုင်းဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လမ်းအရည်အသွေး ကောင်းမွန်ရေး သတ်မှတ် စံချိန်စံညွှန်း များနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြား ပါသည်။
အဆိုပါ ဖိုးစံကျေးရွာ ကျေးရွာအဝင်လမ်း အရှည် ၁၇၅၀ ပေ၊ အကျယ် လေးပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် မိုဘိုင်းဆိုလာစနစ်ဖြင့် ရေသန့်စင် စနစ် တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၅၀ ၊ ကျေးရွာနေ ပြည်သူ ထည့်ဝင်ငွေကျပ်သိန်း ၃၀၊ စုစုပေါင်းငွေကျပ်သိန်း ၁၈၀ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာ သားများကိုယ်တိုင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးထံမှသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်