Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူ ထောင်ခြင်းစီမံကိန်း (RBF) စီမံကိန်းဖြင့် ဆောင်ရွက်ထားသောလုပ်ငန်းများကွင်းဆင်းစစ်ဆေး


28 Sep,2023

အမ်း စက်တင်ဘာ ၂၈ 

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က  အမ်းမြောက်ကျေးရွာအုပ်စု၊ ဒိုင်းကြီးကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူ ထောင်ခြင်းစီမံကိန်း (RBF)ဖြင့် မွေးမြူရေးလုပ်ငန်းများ  ဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာ ၂၇ ရက်နေ့ နေ့လည်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရ သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ စီမံကိန်းတာဝန်ခံဝန်ထမ်းများနှင့် ဒိုင်းကြီးကျေးရွာ စီမံကိန်း ကော်မတီဝင်များနှင့်အတူ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်း လုပ်ငန်း (RBF) ရန်ပုံငွေကျပ်သိန်း ၄၀၀ ဖြင့်၏ မွေးမြူရေးလုပ်ငန်းများအကောင်ထည် ဖော်ဆောင် ရွက်ထား ရှိမှုအခြေအနေနှင့် စာရင်းဇယားများပြည့်စုံမှု ရှိ/မရှိ ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိ ရသည်။

ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေစီမံကိန်း (RBF)  ရန်ပုံငွေကျပ်သိန်း ၄၀၀ ကို ဒိုင်းကြီးကျေးရွာရှိ CPဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် Golden Pigအဖွဲ့၊ CPဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် Lucky Pigအဖွဲ့၊ ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ရွှေကြက်ဖက်နှင့် ဒေသနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တိုးတက်အောင်အဖွဲ့ စုစုပေါင်းအဖွဲ့ လေးဖွဲ့အား တစ်ဖွဲ့လျင်၇၅ သိန်းနှုန်း၊ အသင်းဝင်များမှထည့်ဝင်ငွေတစ်ဖွဲ့လျှင် ကျပ်သိန်း ၂၅သိန်း စီဖြင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း အမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးနိုင်လင်းထွန်းထံမှ သိရှိရ သည်။   


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm