Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ


28 Sep,2023

ချောက်         စက်တင်ဘာ         ၂၈

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ခြောက်ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများထံသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအနေဖြင့် စီမံကိန်းရန်ပုံငွေများကို စနစ်တကျထိန်းသိမ်းရန်နှင့် အကျိုးရှိစွာအသုံးချရေး စီမံကိန်းလက်စွဲပါ လမ်းညွှန်ချက်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များက စီနံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သိလိုသည်များမေးမြန်းရာ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မကျီးဇောက်ကျေးရွာ၊ ချောင်းဘို့ကျေးရွာ၊ ရေတွင်းကျေးရွာ၊ ကန်ရေကြီးမြောက်ကျေးရွာ၊ အောင်သာကျေးရွာနှင့် စမ်းနီကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များထံသို့ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် သိန်းတစ်ရာ့ငါးဆယ်စီကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်မည့် ကျေးရွာခြောက်ရွာမှ ကျေးရွာဖွံ့ဖြိုးရေး‌ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm