အောင်လံ စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွာပြင်း ကျေးရွာအုပ်စု၊ ရွာဟိုင်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေကို စက်တင်ဘာလ ၂၈ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာရေကော်မတီဝင်များနှင့်အတူ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများကို ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျထိန်းသိမ်းသွားရန်၊ ဆွေးနွေး မှာကြားပါသည်။
အဆိုပါ စက်ရေတွင်း အကျယ် လေးလက်မ၊ အနက် ၄၀၀ပေရှိ စက်ရေတွင်းတူးဖော်ခြင်း၊ 5.5HP ရေမြှုပ်ပန့်တပ်ဆင်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ဂါလံ၅၀၀၀ဆံအုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၅ဒသမ၁၄၅သန်းဖြင့် တင်ဒါအောင်မြင်သည့် အာသာဝတီကုမ္ပဏီမှယခုနှစ်ဇွန်လ စတုတ္ထအပတ်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါရေရှိရေးလုပ်ငန်းသည် ရွာဟိုင်းကျေးရွာ အိမ်ခြေ ၆၆အိမ်၊ လူဦးရေ ၃၂၈ဦးနှင့် ကျွဲ၊နွားတိရိစ္ဆာန်တို့မှစ၍ နွေရာသီကာလ သောက်သုံးရေရှား ပါးသည့်ပြဿနာများ မရှိတော့ဘဲ နှစ်ပတ်လည် ရေဖူလုံစွာသုံးစွဲနိုင်ခြင်းစသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်