Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ရမ်းဗြဲမြို့နယ်၊ သလူပြိန်ကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)လုပ်ငန်း ဆောင်ရွက်မှု ကွင်းဆင်းဆောင်ရွက်ခြင်း”


28 Sep,2023

ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် သလူပြိန်ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း (၄၉၀'x၁၀'x၆") ဆောင်ရွက်နေမှုအခြေ အနေများကို ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်း များက (၂၈.၉.၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

ထိုသို့ ကွင်းဆင်းရာတွင် ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီအချိန်မီပြီးရေး ကြိုပမ်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်ချက်များကိုလည်း ကျေးရွာကော်မတီဝင်များကို မှာကြးခဲ့ပါသည်။

ရမ်းဗြဲမြို့နယ်၊ သလူပြိန်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဆိုလာရေသန့်စင်စနစ် လုပ်ငန်းများအတွက်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ (၁၅.၀၀) ကျပ်သန်းနှင့် ပြည်သူထည့်ဝင်ငွေ (၁.၅၅) ကျပ်သန်းဖြင့် ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက နည်းပညာပံ့ပိုးကူညီကာ ကျေးရွာပြည်သူ လူထုကိုယ်တိုင် စက်တင်ဘာလ ၃ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ( ၅၀ %)  ပြီးစီးပြီးဖြစ် ကြောင်း သိရှိ ရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm