Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“သံတွဲမြိုနယ်၊ ရွှေလှေခေတ်မီစံပြကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းဖြင့် ဝက်မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း”


28 Sep,2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သံတွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရွှေလှေခေတ်မီစံပြကျေးရွာတွင် ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်း၊ ဒုတိယစက်ဝန်းတွင် ဝက်မွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား (၂၆.၉.၂၀၂၃)ရက်နေ့၌ သံတွဲခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးအောင်သိန်းထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းတာဝန်ခံအဖွဲ့နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးထွန်းသန်းဇော်၊ စီမံကိန်းတာဝန်ခံတို့သည် ကျေးရွာလုပ်ငန်းအဖွဲ့၊ အသက်မွေးဝမ်းကျောင်း အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ စီမံကိန်းအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အသက်မွေးအဖွဲ့ဝင်များအနေဖြင့် အချင်းချင်းစည်းလုံးညီညွှတ်စွာ ဆောင်ရွက်ကြရန်နှင့် မွေးမြူရေးနှင့် ပတ်သက်သည့် လိုအပ်သည်များအား မှာကြားခဲ့သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm