Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု စစ်ဆေး


28 Sep,2023

ရန်ကုန်တိုင်းဒသကြီး တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို စက်တင်ဘာလ ၂၆ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးနဝင်းနှင့် တာဝန်ရှိသူများက ပိန္နဲကုန်းကျေးရွာတွင် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ကော့မှူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်းကော်မတီဝင်များက လုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းပြသရာ ခရိုင်ဦးစီးမှူးက လမ်းကို ရေရှည်အသုံးပြုနိုင်ရေး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်မှာကြားသည်။

ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၈၀ ဒသမ ၁၇ သန်းဖြင့် ဆောင်ရွက်သည့် အရှည်ပေ ၄၆၀၀၊ အကျယ် ၁၈ ပေ၊ အမြင့် ၂ ပေရှိ ကုန်ထုတ်မြေသားလမ်းဆောက်လုပ်ခြင်း လုပ်ငန်းများကို ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုနှစ် ဇူလိုင်လ ၃၁ ရက်က စတင်ဆောင်ရွက် ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၂၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ဒေသထွက်ကုန်ပစ္စည်းများကို ကုန်ကျစရိတ် သက်သာစွာ အချိန်တိုအတွင်း ဈေးကွက်အရောက်တင်ပို့ရောင်းချနိုင်မည်ဖြစ်သောကြောင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm