28 Sep,2023
လေးမျက်နှာ စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာ၌ခမောက်စု-နွယ်နီရိုး-ဒိုက်ပျက်ကျေးလက် ကုန်ထုတ်လမ်းတံတားဆောင်ရွက်နေမှုအခုအနေများကို တာဝန်ရှိသူများက စက်တင်ဘာ၂၇ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအောင်သက်ရှည်နှင့်လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့်အင်ဂျင်နေယာဝန်ထမ်းများက တင်ဒါရကုမ္ပဏီမှ တာဝန်ရှိသူများနှင့်ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီတင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည်မိုင် ၁မိုင် ၆ဖာလုံ၊လမ်းအကျယ် ၁၂ပေ၊ အမြင့် ၉လက်မထုအောက်ခံမြေသားခင်းခြင်းနှင့်ဂျင်းကျောက်ခံခြင်း၊အလျား၂၅ပေ၊အကျယ် ၁၄ပေ၊အမြင့် ၁၅ပေရှိ ကွန်ကရစ်တံတား(၁)စင်းနှင့်အလျား ၂၀ပေ၊အနံ ၁၄ပေ၊၆ဒသမ၅ပေရှိသော ကွန်တကရစ်တံတား ဆောင်ရွက်နေမှုများနှင့်Slap Culvert(၂)စင်းတည်ဆောက်နေမှုများအား တိုင်းတာစစ်ဆေးခဲ့ပြီး ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတျုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအောင်သက်ရှည်က တင်ဒါရကုမ္ပဏီဖြစ်သည့် Myanmar Amazing Power company မှ တာဝန်ရှိသူများအားဆောင်ရွက်ရန်ကျန်ရှိနေသောလုပ်ငန်းများအား စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်ချိန်တွင်း ပြီးစီးဆောင်ဆောင်ရွက်ရန် လမ်းညွှန်မျာကြားခဲ့သည်။
လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရခွင့်ပြရန်ပုံငွေကျပ်၂၇၄ဒသမ၂သန်း ဖြင့် Myanmar Amazing Power company က ဇွန်လ တတိယအပတ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး အဆိုးပါကျေးလက်ကုန်ထုတ်လမ်းဆောင်ရွင်ပြီးစီးပါက ခမောက်စုကျေးရွာရှိ စိုက်ပျိုးဧက ၃၁၅၀မှထွက်ရှိသော သီးနှံများအား ဈေးကွက်သို့သယ်ယူရောင်းချရာတွင် အလေအလွင့်မရှိရောင်းနိုင်မည်ဖြစ်ကြောင်း ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။