ကျောက်ဖြူ စက်တင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စည်ပင်သာယာငွေစုငွေချေးသမဝါယမအသင်း (လီမိတက်)၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်တင်တင်ဝင်းနှင့် စည်ပင်သာယာငွေစုငွေချေး သမဝါယမအသင်း(လီမိတက်)ဥက္ကဋ္ဌ ဒေါ်ဝင်းကြည်တို့က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဘဏ္ဍာရေးအစီရင်ခံစာကို အသင်းအမှုဆောင် အဖွဲ့ဝင်ဒေါ်သန်းလှိုင်ကလည်းကောင်း၊ အသင်းစာရင်းစစ်အဖွဲ့အစီရင်ခံစာကို အသင်းသားစာရင်းစစ် ဒေါ်ခင်ရီက လည်းကောင်းဖတ်ကြားပြီး ၎င်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို တက်ရောက် လာကြသော အသင်းသားများမှ သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ချက်ရယူကာ သက်တမ်း ပြည့်ပြီးဖြစ်သော အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့က နုတ်ထွက်ခဲ့ကြသည်။
ဆက်လက်၍ အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားတွင် သဘာပတိ အဖြစ် မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌက ဆောင်ရွက်ပြီး တာဝန်ရှိသူများ၏ ကြီးကြပ် မှုဖြင့်ကျင်းပရာ သဘာပတိက အမှုဆောင်ရွေးချယ်ခြင်းကိစ္စရပ်များကို ရှင်းလင်းပြီး အမှုဆောင် အဖွဲ့ကိုအဆိုပြုခြင်း ထောက်ခံခြင်းများဖြင့် ရွေးချယ်ဆောင်ရွက်ကြသည်။ အမှုဆောင်အဖွဲ့သစ် များသည် မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာခံယူပြီးနောက် စုဆောင်းငွေပေါ်အတိုး ငွေကျပ် ၂၂၈၁၀၀၀ ထုတ်ပေးခြင်းနှင့် အသင်းသားများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်