Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်းကျေးရွာတွင် Solar Mini-Grid ဖြင့် ကျေးရွာမီးလင်းရေးဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာကော်မတီရွေးချယ်ဖွဲ့စည်း


27 Sep,2023

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လှိုင်းဘုန်းကျေးရွာတွင် Solar Mini-Grid ဖြင့် ကျေးရွာမီးလင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာကော်မတီရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၆ရက် မွန်းလွဲပိုင်းက  ကျေးရွာစာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်မှ ကျေးရွာမီးလင်းရေးဆောင်ရွက်ရန် ကျေးရွာကော်မတီရွေး ချယ်ဖွဲ့စည်းရမည့် စည်းကမ်းချက်များ၊ စီမံကိန်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ZLT Super Electrical ကုမ္ပဏီမှ မန်းနေဂျာ ဦးဇင်လင်းထိုက်မှ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား အဆင့်ဆင့်ရှင်းလင်းပြောကြားခဲ့မှုအား ကျေးရွာသူ၊ ကျေးရွာသားများမှ မီးလင်းရေးနှင့်ပတ်သက်သည့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုများ ပြန်လည်ဖြေကြားဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် တာဝန်ရှိသူများမှ  Solar Mini-Grid ဖြင့် ကျေးရွာမီးလင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာကော်မတီဝင် (၁၁)ဦးအား အများသဘောတူ ဆန္ဒဖြင့်ရွေးချယ်ပေးခဲ့ကြသည်။ဆက်လက်ပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက Solar Plant ဆောင်ရွက်မည့် နေရာအတွက် မြေနေရာများကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်