Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တံတားဦးမြို့နယ်အတွင်း၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် အတွင်းဆောင်ရွက်ရန်လျာထားသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်း စစ်ဆေး


27 Sep,2023

တံတားဦး စက်တင်ဘာ ၂၇

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ၊ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင်ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ရန်လျာထားသည့် ကျေးရွာ များသို့ကွင်းဆင်း၍ မြေပြင်အခြေအနေနှင့်အနီးစပ်ဆုံးကိုက်ညီအောင် Feasibility Survey ဖြစ်တန်စွမ်း စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တံတားဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်းနှင့်ခရိုင်/မြို့နယ်တာဝန်ခံအင်ဂျင်နီယာ  ဝန်ထမ်းများက ကျေးရွာမှ တာဝန်ရှိ သူများ နှင့်အတူ တောင်ပြုံးကျေးရွာ၊  ထန်းပေါက်ကုန်း ကျေးရွာနှင့်ကျောက်တိုင်ကျေးရွာ ရေရရှိရေး လုပ်ငန်းဆောင်ရွက်နိုင်ရေးမြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီးခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်းကလိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

          အဆိုပါကျေးရွာ(၃)ရွာသည် ရေချိုရှားပါးသော ဒေသများဖြစ်သဖြင့် ရေရှိရေးလုပ်ငန်း အောင်မြင် အောင်ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာများ၏အိမ်ခြေ၊လူဦးရေ ရာနှုန်းပြည့် ရေလွှမ်းခြုံ မည်ဖြစ်ပါကြောင်း တံတားဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်းမှ သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm