နတ်တလင်း စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးထားသည့် သမဝါယမ အသင်းသားတောင်သူများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကနှစ်သိန်းနှုန်းနှင့် ညီမျှ သော ပုလဲ 50 Kg နှင့် ကွန်ပေါင်း 50 Kg သွင်းအားစုဓာတ်မြေဩဇာများကို မြို့နယ်အတွင်းရှိ ထန်းပင်ကုန်းကျေးရွာ ပဒုမ္မာလယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်မှ အသင်း သား ၄၂ ဦး၏ စိုက်ဧက ၂၀၀ အတွက် ငွေကျပ်သန်း ၄၀ ၊ လှပခြင်းကျေးရွာ စိတ္တသုခလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်မှ အသင်းသား ၂၀ ဦး၏ စိုက်ဧက ၁၂၁ အတွက် ငွေကျပ်သန်း ၂၄.၂ နှင့် စမ်းကလေးကျေးရွာ စမ်းသီရိလယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမ အသင်းလီမိတက်မှ အသင်းသား ၃၆ ဦး ၏ စိုက်ဧက ၂၅၀ အတွက် ငွေကျပ်သန်း ၅၀ နှင့် ညီမျှသောသွင်းအားစုများကို ငွေတိုးစပါးများ စိုက်ပျိုးရန်အတွက် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်