ကန်ကြီးထောင့် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ ဝါးဒူး-အနောက်စုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာရှိ ဝါးဒူး- အနောက်စုလမ်းသည် ကျေးရွာ ၁၁ ရွာ၊ အိမ်ခြေ ၅၆၄ အိမ်၊ လူဦးရေ ၂၅၀၆ ဦးကို အကျိုးပြုသောလမ်းဖြစ်ပြီး လမ်းအရှည် သုံးဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မ ရှိသည်။
အဆိုပါလမ်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ ၁၄၄ ဒသမ ၇၅၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွေးကိုကိုနှင့် ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူမင်း တို့က ကွန်ကရစ်လမ်းအား ရေရှည်တည်တံ့စေရန်အတွက် အလေးထားဆောင်ရွက်သွားရန်လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်