ရေကြည် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး (ငွေလုံးငွေ ရင်း) ရန်ပုံငွေဖြင့် City Nine Engineering Co., Ltd က တင်ဒါအောင်မြင်ဆောင်ရွက်သည့် အကျယ် ၁၂ ပေ ၊ ဒု ခုနစ်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ရန်ပုံငွေ ကျပ် ၁၉၆ ဒသမ ၂၀၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းပေးခြင်းဖြင့် ကျေးရွာ ၁၃ ရွာရှိ လူဦးရေ ၃၃၉၆ ဦးတို့အား အကျိုးပြုမည်ဖြစ်ပြီး ကွန်ကရစ်လမ်းရေရှည်တည်တံ့စေရန် လုပ်ငန်းဆောင်ရွက်မှုများကို ဧရာဝတီတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွေးကိုကိုနှင့် ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူမင်းတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်