သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဝန်ထမ်းများအား စီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော်နိုင်စေရေး သိရှိရန်လိုအပ်သောစီမံကိန်းအချက်အလက်များနှင့် လိုအပ်သော စွမ်းဆောင်ရည်များ ဖြည့်ဆည်းနိုင်စေရန် ဆရာဖြစ်သင်တန်းအား ၁၄-၉-၂၀၂၃ မှ ၁၆-၉-၂၀၂၃ရက်နေ့ထိ ရခိုင်ပြည်နယ်၌ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ရာ အဆိုပါ သင်တန်း၏ နောက်ဆက်တွဲသင်တန်းဖြစ်သော လုပ်အားခပေးဖွံ့ဖြိုးရေး Cash For Work စီမံကိန်း၊ ပုံစံများ ရေးသွင်းနည်း ဆရာဖြစ် Online သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း ၉:၃၀နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာ စကားပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက စီမံကိန်းလုပ်ငန်းစဉ်များအပေါ် သတိပြုရမည့် အချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ အခမ်းအနားကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့် ရခိုင်ပြည်နယ်အတွင်း ခရိုင်(၃)ခရိုင်၊ မြို့နယ် ၁၀မြို့နယ်မှ သင်တန်းသား၂၉ဦးတို့မှ Video- Conferencingစနစ်ဖြင့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ တစ်ရက် ဖြစ်ပါကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်