Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


27 Sep,2023

ထားဝယ်၊ စက်တင်ဘာလ ၂၇ ရက်

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄  ဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက် သည့်   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးရဲခေါင်နှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ ကြောင်း သိရသည်။

 ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးရဲခေါင်နှင့် တာဝန်ရှိသူများသည် ထားဝယ်မြို့နယ်၊  ဇဟာကျေးရွာအုပ်စု ၊ ဇဟာကျေးရွာ တွင် ကျေးလက် ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားနှင့် BoxCulvert(၃)စင်း ဆောင်ရွက်ထား ရှိမှုများအား ကြည့်ရှု့စစ်ဆေးခဲ့သည်။

အဆိုပါ ဇဟာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားနှင့် BoxCulvert(၃) စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄  ဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ Lot(1)ဖြင့် ရွှေဇဟာကုမ္ပဏီမှတင်ဒါအောင်မြင် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး တိုင်းဒေသကြီး၊ ခရိုင်မြို့နယ်ဝန်ထမ်းများ နှင့်တွေ့ဆုံခြင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဒုတိယဦးစီးမှူး၊ အငယ်တန်း အင်ဂျင်နီယာ-၂ ရာထူးသို့ ဖြေဆိုထားသည့် ဝန်ထမ်းများအား လူတွေ့စစ်ဆေးခြင်းတို့အား ပြုလုပ်ဆောင်ရွက်သည်။

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက တိုင်းဒေသကြီး ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့်  ကျန်းမာရေး အထူးဂရုပြုကြရန်၊မိမိတို့၏ လုပ်ငန်းတာဝန်များအား ကျေပွန်စွာဆောင်ရွက်ကြရန်နှင့် ဝန်ထမ်း တစ်ဦးနှင့် တစ်ဦးဝိုင်းဝန်းကူညီဆောင်ရွက်ရင်းဖြင့်  ပျော်ရွှင်ဖွယ်လုပ်ငန်း ခွင်ဖန်တီး ဖြစ်ပေါ်လာနိုင် မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာအရင်းခံ ထား၍ ဖွံ့ဖြိုးရေးစိတ်ဓါတ် မွေးမြူဆောင်ရွက်ပါက ဦးစီးဌာန၏လုပ်ငန်းများ ပိုမိုထိရောက် အောင် မြင်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြော ကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယင်းတွေ့ဆုံပွဲသို့ ထားဝယ်ခရိုင်နှင့် ကွပ်ကဲမှုအောက်ရှိမြို့နယ်ဝန်ထမ်းများမှ တိုင်းဒေသကြီးအစည်းအဝေးခန်းမ၌ လည်းကောင်း၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင် ဘုတ်ပြင်ခရိုင်နှင့်ယင်းခရိုင်များအတွင်းရှိ မြို့နယ်ဝန်ထမ်းများမှ  Video Coferecing စနစ်ဖြင့် လည်းကောင်းတက်ရောက်ခဲ့ပါကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm