Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေအတွင်းရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေး


26 Sep,2023

နေပြည်တော် စက်တင်ဘာ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များသည် ယနေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ ကွေ့ကြီးကျေးရွာတို့၌ ဒေသဖွံ့ဖြိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများနှင့် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ပျဉ်းမနားမြို့နယ်၊ ငကံကောင်းကျေးရွာအုပ်စု၊ ဇောင်ချမ်းကုန်းကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံရာ ပျဉ်းမနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး က ဇောင်ချမ်းကုန်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား လည်း ကောင်း၊ သမဝါယမဦးစီးဌာန ဦးစီးမှူးနှင့် အသင်းအမှုဆောင်များကလုပ်ငန်းဆောင်ရွက်နေမှု များအားလည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ကျေးရွာ၏ ရေမြေသဘာဝအခြေအနေအရ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းကို အခြေခံသည့် ကျေးရွာဖြစ်သည့်အတွက် ကျေးလက်နေတစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ်(၃)သီး စိုက်ပျိုးနိုင်ရေး နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အထွက်နှုန်းတိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်မှာ တောင်သူများ၏ တာဝန်တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ လက်ရှိစိုက်ပျိုး နေသော စပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်မှသာလျှင် တောင်သူများ ဝင်ငွေ တိုးပွားနိုင်မည်ဖြစ်ပြီး လိုအပ်သည့် စိုက်ပျိုးနည်းစနစ်၊ စိုက်ပျိုးရေ ရရှိရေးတို့အတွက် မိမိတို့ ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသပြည်သူခံများ၏ တင်ပြချက်များ အပေါ် အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်း-ဝက်စုကျေးရွာချင်းဆက်လမ်း ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ဇောင်ချမ်းကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ကျေးရွာ ထည့်ဝင်ငွေ ကျပ် ၅၈ သိန်းကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ဘက်စုံသုံးခန်းမဆောင်ရွက်နေမှုအားလည်းကောင်း၊ ကျေးရွာနေပြည်သူများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သမဝါယမ အသင်းသားတောင်သူများ စိုက်ပျိုးထားသော မိုးစပါးများ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြား ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် ကွေ့ကြီးကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ရှင်းလင်းဆွေးနွေးပြီး ကျေးရွာ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက် လျက်ရှိသော လယ်ဝေးမြို့နယ်၊ ညိုပင်-ကွေ့ကြီး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားများ ပြုပြင်ခြင်းနှင့် တံတားချဉ်းကပ်လမ်းများ ပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များအားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှု စစ်ဆေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ် အတွင်း စံချိန်စံညွှန်း ပြည့်မီစွာ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ ကျေးရွာသူကျေးရွာသားများ သာမက တာဝန်ရှိသူအားလုံး ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည့်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားပြီး ကျေးရွာတောင်သူများ စိုက်ပျိုးထားသော မိုးစပါးများ စိုက်ပျိုး ထားရှိမှု အခြေအနေများကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm