Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မောင်တောခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း”


26 Sep,2023

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ မောင်တောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊   ၂၀၂၃-၂၀၂၄ခု  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ဖြင့်ဆောင်ရွက်နေသည့် မောင်တောမြို့နယ်၊    ရွှေဗဟိုကျေးရွာ  ရွာတွင်းလမ်းဗြုန်းခင်းခြင်းလုပ်ငန်း(၁၆၀၀') လုပ်ငန်း ဆောင်ရွက်နေမှုအား(၂၆.၉.၂၀၂၃)ရက်နေ့တွင် မောင်တောခရိုင်ကျေးလက်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစောထွန်း၊ ဒုတိယညွှန်ကြားရေးမှူးနှင့် မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ခရိုင်ဦးစီးမှူးနှင့် အဖွဲ့မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းကော်မတီဝင်များ နှင့်တွေ့ဆုံကာ ကော်မတီဝင်များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများဖြစ်ပေါ်လာပါက မြို့နယ်ဦးစီးမှူးရုံးသို့ သတင်းပို့ဆောင်ရွက်ပေးရန်နှင့် မြို့နယ်ကျေးလက်ဦးစီးဌာနမှ လည်း အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ အရည်အသွေးပြည့်ဝပြီး အချိန်မှီပြီးစီးနိုင်ရန် အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm