Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မအူပင်မြို့နယ်၊အင်းမကွက်သစ်ကျေးရွာတွင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအားကွင်းဆင်းဆောင်ရွက်ခြင်း


26 Sep,2023

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့်  ရွှေတောင်မှော်ကျေးရွာအုပ်စု၊   အင်းမကွက်သစ်ကျေးရွာ၌  ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလု်ပငန်း   ဆောင်ရွက်ပြီးစီးမှုအခြေအနေအား   မအူပင်မြို့နယ်    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ       မြို့နယ်ဦးစီးမှူးဒေါက်တာမနားကီး    ဦးဆောင်သောအဖွဲ့မှ   ၂၆.၀၉.၂၀၂၃ ရက်နေ့တွင်    ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာမနားကီး နှင့် အင်ဂျင် နီယာများအဖွဲ့သည် အင်းမကွက်သစ်ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ    လမ်းအရှည်  ၈၅၀ ပေ၊     လမ်းအကျယ် ၁၀ ပေ၊    အမြင့် ၆  လက်မထုဖြင့်ကျေးရွာတွင်း    ကွန်ကရစ်လမ်းခင်းခြင်းလု်ပငန်း ဆောင်ရွက်ပြီးစီးမှု၊    အမှိုက်ကင်းစင်ကျေးရွာဖြစ်ရေး တစ်စမြင်တစ်စကောက်စနစ်  ကျင့်သုံးဆောင်ရွက်ရန်နှင့်   Mobile Solar ရေသန့်စင်စနစ်ဆောင်ရွက်မည့်  အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး  ကွန်ကရစ်လမ်း   ရေရှည်အသုံးပြုနိုင်ရေးအတွက်   ကျေးရွာဖွံ့ဖြိုးရေး   ကော်မတီဝင်များ  အပါအဝင်      ကျေးရွာသူကျေးရွာသားများမှ     စုပေါင်းထိန်းသိမ်းကြရန်ကျေးရွာဖွံ့ဖြိုးရေး  ကော်မတီဝင်များအားမှာကြားခဲ့ပြီး လိုအပ်သည်များကို   ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါအင်းမကွက်သစ်ကျေးရွာ၌  ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုနိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ်(၁၅.၀)သန်းနှင့် ကျေးရွာမှပြည်သူထည့်ဝင်လှူဒါန်းငွေကျပ်(၃.၀)သန်း စုစုပေါင်းငွေကျပ် (၁၈.၀) သန်းဖြင့်   မအူပင်မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏  နည်းပညာပံ့ပိုးမှု၊  အနီးကပ်  စောင့်ကြည့်ကြီးကြပ်မှုများနှင့်    ကျေးရွာသူကျေးရွာသားများ    ကိုယ်တိုင်စက်တင်ဘာလ ပထမအပတ်မှ စတင်၍ ဆောင်ရွက်ခဲ့ရာလုပ်ငန်း(၁၀၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီးပြီဖြစ်ပါသဖြင့် ကျေးရွာရှိအိမ်ထောင်စု(၁၃၃ )စု၊ လူဦးရေ(၆၄၂)ဦးတို့မှာ လမ်းပန်းဆက်သွယ်ရေး   ပိုမိုအဆင်ပြေချောမွေ့စွာသွား လာနိုင်မည်သာမက ကျေးလက်နေပြည်သူများ၏ စည်းလုံးညီညွှတ်မှု၊ငွေကြေးစီမံခန့်ခွဲမှုစွမ်းရည်များ၊   လုပ်ငန်းအပေါ်စီမံနိုင်မှုများ၊   မိမိရပ်ရွာအတွက်ဖွံ့ဖြိုးမှုလိုလားသော ကျေးလက်ဖွံ့ဖြိုးရေးစိတ်ဓါတ်များယခင်ထက်တိုးပွားလာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm