Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျွန်းဦးစံပြကျေးရွာ၌ ​အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းဖွင့်လှစ်


07 Jun,2022

နေပြည်တော် ဇွန် ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းကို ဇွန်လ ၆ ရက်နေ့ နံနက် ၈နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးစံပြကျေးရွာ၊ လူထုဗဟိုပြုခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေး၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိ သူများနှင့် သင်တန်းသားများတက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမောင်မောင်နိုင်က နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်နေသည်နှင့်အညီ နေပြည်တော်ကောင်စီအနေဖြင့်လည်း နေပြည်တော်တွင်ရှိသည့် ကျွန်းဦးစံပြကျေးရွာ အပါအဝင်ကျေးရွာ (၃)ရွာကို ခေတ်မီ စံပြကျေးရွာများအဖြစ် ထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းသည် ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး စံပြကျေးရွာဖြစ်လာစေရန် တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းပါဝင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါငြိမ်းအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
သင်တန်းဖွင့်ပွဲအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်နှင့် အဖွဲ့ဝင်များက သင်တန်းတွင်လက်တွေ့ သင်ကြားပေးသွားမည့်ဘာသာရပ်များ၊ လက်သုံးကိရိယာများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်များကို လိုက်လံကြည့်ရှုခဲ့ကြောင်းသိရသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးရွာနေပြည်သူများ ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်လာနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည့်အပြင် ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်တက်လာပြီး ခေတ်မီစံပြကျေးရွာကြီး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ကျွန်းဦးစံပြ ကျေးရွာတွင် ပထမအကြိမ်အဖြစ် ငှက်ပျောအခြေခံ စားသောက်ကုန်ထုတ်လုပ်မှုနည်းသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းကို ကျေးရွာ၏ တောင်းဆိုမှုအရ ဇွန်လ ၆ ရက်နေ့မှ ၁၉ ရက်နေ့ထိ သင်တန်းသား ၂၀ ဦးစွာဖြင့် စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့၇၀ ရာခိုင်နှုန်း သင်ကြားပေးသွားမည်ဖြစ်သည်။အဆိုပါ သင်တန်းပြီးဆုံးသည့်အခါ (Electrical Inspection ) လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်လျှောက်ထားလိုသည့် သင်တန်းသား များအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm