Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငါန်းဇွန်မြို့နယ်၌ ကျေးရွာ(၅)ရွာအတွက် VDP စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ


27 Sep,2023

ငါန်းဇွန်   စက်တင်ဘာ  ၂၇                                                                                                             

မန္တလေးတိုင်းဒေသကြီး ၊တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက် ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ( ၅)ရွာအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း VDP ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ငါန်းဇွန်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

                   ရှေးဦးစွာ ငါန်းဇွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးမျိုးမင်းသိန်းက အဖွင့်အမှာ စကားပြောကြားပြီး ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်ကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း VDPစီမံကိန်းနှင့်ပတ်သက်၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း များဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်စေလိုကြောင်း စီမံကိန်း လုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုး တက် ရေးလုပ်ငန်းVDPစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်း ပြော ကြား ခဲ့ကြောင်း သိရသည်။

                   ထို့နောက် ငါန်းဇွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရွာသစ်ကျေးရွာ၊ ဘုရားထူးကျေးရွာ၊ဆေးခင်းကျေးရွာ၊လက်ပံပင်ကျေးရွာနှင့် ငါန်းလွှန့်ကျေးရွာများ အတွက် ကျေးရွာကော်မတီဝင်များကို ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း(၁၅၀)၊ စုစုပေါင်း ငွေကျပ်သိန်း(၇၅၀) လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်ပြောပြ၍သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm