Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေဘိုခရိုင်၌ ဝန်ထမ်း‌စွမ်းဆောင်ရည်မြှင့်တင်‌ရေး"အဆင့်မြင့်ကွန်ပျူတာသင်တန်း"ဆင်းပွဲကျင်းပပြုလုပ်


26 Sep,2023

ရွှေဘို    စက်တင်ဘာ    ၂၆
 
              စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့်စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာ ရေးနှစ်တွင် ဖွင့်လှစ်ခဲ့သည့် "အဆင့်မြင့်ကွန်ပျူတာသင်တန်း" ဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နေ့ အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
 
              ပထမဦးစွာ ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်က သင်တန်းဆင်းအမှာစကားပြောကြားရာ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင်ပို့ချခဲ့သော ဘာသာရပ်များအား မိမိတို့၏ လုပ်ငန်းခွင်၌ အကျိုးထိ‌ရောက်စွာအသုံးချရန်လိုအပ်ကြောင်း၊အဆိုပါကွန်ပျူတာပညာရပ်များကိုလည်း စဉ်ဆက်မပြတ်ဆည်းပူးလေ့လာပြီး မိမိတို့၏ စွမ်းဆောင်ရည်များ အစဉ်အမြဲတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့သည်။
              
               ဆက်လက်၍ ခရိုင်ဦးစီးမှူးဦးမြင့်ကသင်တန်း သားတစ်ဦးချင်းထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊အဆိုပါ ကွန်ပျူတာအဆင့်မြင့်သင်တန်းကို စက်တင်ဘာ (၁၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ စာတွေ့လက်တွေ့အခမဲ့ သင်ကြားပို့ချခဲ့ကြောင်း သိရှိရပြီး ရွှေဘိုခရိုင်အတွင်းရှိမြို့နယ်များမှ သင်တန်းသား/သင်တန်းသူ (၁၀)ဦး တက်ရောက်ခဲ့ကြောင်းရွှေဘိုခရိုင် ကျေးလက်ဦးစီးဌာနရုံးမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm