ကျောက်ပန်းတောင်း စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာစေရန်နှင့် လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ လက်ပံပျား-ကြက်ဖြူတဲ-ဇလင်းတောင် ကျေးရွာချင်းဆက်မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦး၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ ညောင်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအေးလွင်နှင့် တာဝန်ရှိသူများက လက်ပံပျား-ကြက်ဖြူတဲ-ဇလင်းတောင် ကျေးရွာချင်းဆက် မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
လက်ပံပျား-ကြက်ဖြူတဲ-ဇလင်းတောင် ကျေးရွာချင်းဆက်လမ်း အရှည် ငါးမိုင်၊ အကျယ် ၂၄ ပေ နှင့် အမြင့် နှစ်ပေရှိ မြေသားလမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၁၉၈ ဒသမ ၉၉၅ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဇူလိုင်လ ပထမပတ်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၅၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
အေးသူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်