ပြည်၊ စက်တင်ဘာလ ၂၆ ရက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ အမျိုးသမီးများအတွက် ဝင်ငွေ တိုးတက်ရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်မည့် ပေါက်ခေါင်းမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု၊ ကြိုးကြာကျေးရွာ၊ နှစ်ချင်းဘုရားရှိခိုးကျောင်း၌ ယနေ့ နံနက် (၁၀:၃၀) အချိန် တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါဖွင့်ပွဲတွင် ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး သင်တန်းနည်းပြဆရာများက သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်း ကော်မတီဝင်များ နှင့်လုပ်ငန်းဆောင်ရွက်မည့်သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ကျေးရွာတွင် တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းပညာ(ရက်ကန်းဒီဇိုင်း)အား လုပ်ငန်း ထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် ဒုတိယအကြိမ်မွမ်းမံ သင်ကြားပေးခြင်းဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်