Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟိုပုံးမြို့၊ စအွန်ကျေးရွာတွင် ဒုတိယအကြိမ်မွမ်းမံ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးခြင်း အခမ်းအနားကျင်းပ


26 Sep,2023

ရှမ်းပြည်နယ်၊ စက်တင်ဘာလ ၂၆ ရက်

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း (၇)ခု အနက်မှ ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်မည့် ဟိုပုံးမြို့၊ စအွန်ကျေးရွာတွင် ဒုတိယအကြိမ်မွမ်းမံ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဖွင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရခြင်း၏ ရည်ရွယ် ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည် ။ အဆိုပါအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်း ကော်မတီဝင်များ နှင့်လုပ်ငန်းဆောင်ရွက်မည့်သူများ စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည် အထိ ကျွမ်းကျင်တတ်မြောက်အောင် ဒုတိယအကြိမ်မွမ်းမံ သင်ကြားပေးခြင်းဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ် (၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm