Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်မောက်မြို့နယ် ရှောက်ပင်ကျေးရွာအဝင်လမ်းကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းခန့်ပြီးစီး


26 Sep,2023

     နတ်‌မောက်၊ ကျေးလက်ဖွံ့ဖြိုးရေး

      မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နတ်မောက်-ပျော်ဘွယ် ကားလမ်းမကြီးမှ ရှောက်ပင်ကျေးရွာအဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းကို ယခုဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုငွေ ငွေကျပ် ၈၈သန်းကျော်ဖြင့် ဇွန်လမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈ဝရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှသိရသည်။

    ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်လမ်းများဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကျေးလက်တံတားတည်ဆောက်ခြင်း လုပ်ငန်းများကိုနှစ်စဉ်ဘဏ္ဍာငွေများလျာထား၍ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခုဘဏ္ဍာနှစ်တွင် နတ်မောက်-ပျော်ဘွယ် ကားလမ်းမကြီးမှ ရှောက်ပင်ကျေးရွာအဝင်လမ်းအရှည် ၁ မိုင်၊ အကျယ် ၁၆ ပေ၊ ထု ၇ လက်မ ရှိ ကျောက်ချောခင်းခြင်းလုပ်ငန်းကို တိုင်း ဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုငွေ ငွေကျပ်၅၉၄ သန်း အသုံးပြုကာ တင်ဒါအောင် မြင်သည့် မိုးမခသဇင်ကုမ္ပဏီက ဇွန်လမှ စ၍ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ ၈ဝ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ် သည်။

    အဆိုပါ နတ်မောက်-ပျော်ဘွယ် ကားလမ်းမကြီးမှ ရှောက်ပင်ကျေးရွာအဝင်လမ်း ကျောက် ချောခင်းခြင်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိအိမ်ခြေ ၁၁ဝ လူဦးရေ ၆၉၇ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm