တောင်တွင်းကြီး စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး/ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို စက်တင်ဘာ ၂၁ ရက်က မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ညွှန်ကြားရေးမှူး) ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်း ဦးဆောင်သော အင်ဂျင်နီယာအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ ၄၀၁ ဒသမ ၈၀၆ သန်းဖြင့် တံတား လေးစင်းနှင့် ဂဝံမြေနီလမ်း (၁ / ၃ ဒသမ ၄၅) မိုင်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ၅၅၃ ဒသမ ၇၆ သန်းဖြင့် တံတားနှစ်စင်း၊ ရေကျော် လေးခုနှင့်ဂဝံမြေနီလမ်း ( ၃ /၂ ဒသမ ၅) မိုင် တို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အောင်ကို (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်