Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖျာပုံမြို့နယ်အတွင်း ကွန်ကရစ်တံတား တည်ဆောက်နေမှု တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး


25 Sep,2023

ဖျာပုံ စက်တင်ဘာ ၂၃

       ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း ကွန်ကရစ်တံတား တည်ဆောက်နေမှုကို ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

      ဖျာပုံမြို့ နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် ပဆင- သလိပ်ကြီး- တူးမြောင်း- ဂျိုဝါကြံခင်းလမ်းပေါ်ရှိ အရှည် ပေ ၁၆၀၊ အကျယ် ပေ ၂၀ ကွန်ကရစ်တံတား တည်ဆောက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်း၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များမှာကြားခဲ့သည်။

      ဆက်လက်၍ တာဝန်ရှိသူများသည် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် ကဇောင်း-ပုလဲ ကွန်ကရစ်တံတား ချဉ်းကပ်လမ်းနှင့် ဘိုကလေးမြို့နယ် ဂုံမင်းချောင်းတံတား ချဉ်းကပ်လမ်း မြေနေရာရရှိနိုင်ရေး ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းပြီးလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm