Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြို့ပင်ကောက်မြို့နယ်၌ ဆင်းသုခမိုးစပါး ရိတ်သိမ်းခြွေလှေ့နေမှုအား တာဝန်ရှိသူများကြည့်ရှုအားပေး


25 Sep,2023

ကြို့ပင်ကောက် စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ တူးကံကျေးရွာအုပ်စု စိုက်/ထွေ သမဝါယမအသင်းမှ အသင်းသားဦးအေးမြင့်၏ ဆင်းသုခမိုးစပါးရိတ်သိမ်းခြွေလှေ့နေမှုအား ယနေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တောင်သူဦးအေးမြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆင်းသုခစပါး(၅)ဧကအား စိုက်ပျိုးထားကြောင်း နိုင်ငံ့စီးပွားမြင့်တင်ရေးအစီအစဉ်မှ ထုတ်ပေးသောသွင်းအားစုပုလဲ ဓါတ်မြေ ဩဇာနှင့် ကွန်ပေါင်းမြေဩဇာကိုသာအသုံးပြုထားကြောင်း တစ်ဧကလျှင် စပါးတင်း(၉၀)ခန့် ထွက်ရှိကြောင်း စိုက်ပျိုးမှုကုန်ကျစရိတ်အရင်းမှာ စုစုပေါင်း(၅)ဧကအတွက် ငွေကျပ် ၂၅ သိန်းခန့် ကုန်ကျကြောင်း လက်ရှိစပါးပေါက်ဈေးနှင့်ဆိုလျှင် ၁၂ သိန်းခွဲခန့်အမြတ်ကျန်ရှိမည်ဖြစ်ကြောင်း ပြောသည်။

တူးကံကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍဖြင့် တူးကံကျေးရွာစိုက်ပျိုးရေး သမဝါယမအသင်းမှ မိုးစပါးဧက ၄၇ ဧကအား တောင်သူ ၁၆ ဦးမှ မိုးစပါးစိုက်ပျိုးထားကြောင်း ယမန်နှစ်က တစ်ဧလျှင် ပျမ်းမျှ တင်း ၇၀ ခန့်သာထွက်ရှိ၍ ယခုနှစ်တင်း ၉၀ ခန့် အနည်းဆုံး ထွက်ရှိခဲ့ကြောင်း သဘာဝမြေဩဇာပေါင်းစပ်အသုံးပြုသော တောင်သူ၏လယ်မှာ တင်းတစ်ရာခန့် ထွက်ရှိမည်ဟုခန့်မှန်းထားကြောင်း မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသန်းဌေး ကပြောသည်။

 ဇေယျာထွန်း(ကြို့ပင်ကောက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm