Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသမဝါယမအသင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖြည့်ဆည်းဆောင်ရွက်


06 Jun,2022

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ၂၄-၈-၂၀၂၁ ရက်နေ့ ခရီးစဉ် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ကော်ဖီစိုက်ပျိုးထုတ်လုပ်သော သမဝါယမ အသင်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အသွေးကောင်းမွန်သည့် ဒေသထွက် ကော်ဖီများ တိုးမြှင့်ထုတ်လုပ်လာစေရန်၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ တန်ဖိုးမြှင့် ကော်ဖီထုတ်ကုန် များ တိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်နှင့် ကော်ဖီစိုက်တောင်သူများ ဝင်ငွေတိုးပွားပြီး လူနေမှု အဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ရွာငံမြို့နယ်ရှိ ကျေးရွာအုပ်စု (၂၆) အုပ်စုမှ ကော်ဖီစိုက်တောင်သူ (၁,၅၈၅) ဦးအား စုစည်း၍ ကော်ဖီစိုက်ပျိုးထုတ်လုပ်သော သမဝါယမ အသင်း (၅) သင်း ဖွဲ့စည်းပြီး ကော်ဖီထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်တွင် အသုံးပြုရန်အတွက် လိုအပ်လျက်ရှိသော စက်ပစ္စည်းများအား ထောက်ပံ့ပေးခဲ့ပါသည်-

စဉ်

စက်ပစ္စည်းအမျိုးအစား

အရေအတွက် (လုံး)

ကုန်ကျငွေ (ကျပ်)

ကော်ဖီသီးလုံးစိုအခွံချွတ်စက်

၅ လုံး

၇၅ သိန်း

ကော်ဖီသီးအခြောက်အခွံချွတ်စက်

၂ လုံး

၅၀ သိန်း

ကော်ဖီစေ့အဆံဆိုဒ်ခွဲစက်

၃ လုံး

၆၉ သိန်း

ကော်ဖီဆံလှော်စက်

၁ လုံး

၆၅ သိန်း

ဆိုလာအခြောက်ခံစက်

၁ လုံး

၁၇၈.၅၈ သိန်း

 

စုစုပေါင်း စက်နှင့် တန်ဖိုးငွေ

၁၂ လုံး

၄၃၇.၅၈ သိန်း

              အဆိုပါစက်ပစ္စည်းများအနက် ဆိုလာအခြောက်ခံစက်နှင့် အဆောက်အဦအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငွေကျပ် (၁၆၅) သိန်း၊ ကောင်းထက်ဟိန်း သမ အသင်းမှ (၁၃.၅၈) သိန်းရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ပြီး ကျန်စက်ပစ္စည်း (၁၂) လုံးအတွက် ကုန်ကျ ငွေ၏ ၅၀% ဖြစ်သော ငွေကျပ် (၁၂၉.၅) သိန်းအား ဝန်ကြီးဌာန၊  ရွှေကမ္ဘာသမဝါယမလီမိတက်မှ သက်သာသော နှုန်းထားဖြင့် ချေးငွေထောက်ပံ့ပေးခဲ့ပါသည်။ ကျန် လိုအပ်ငွေကျပ် (၁၂၉.၅) သိန်းအား သမဝါယမအသင်းများမှ မိမိတို့ စုဆောင်းငွေဖြင့် စိုက်ထုတ်ဝယ်ယူ တပ်ဆင်ခဲ့ကြ ပါသည်။

                 ထို့ပြင် ကော်ဖီသီးလုံးစိုဝယ်ယူရန်နှင့် ကုန်ချောထုတ်လုပ်ရန်တို့အတွက် လိုအပ်သော အရင်းအနှီးအား ဝန်ကြီးဌာန၊ ရွှေကမ္ဘာသမဝါယမလီမိတက်မှ ကျပ်သိန်း (၃၀၀)၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ကျပ်သိန်း (၆၀၀) နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ကျပ်သိန်း (၆၀၀)၊ ရှမ်းပြည်နယ် ကျေးလက်သမဝါယမအသင်းမှ ကျပ်သိန်း (၁၂၀) စုစုပေါင်းကျပ် (၁,၆၂၀) သိန်းအား သမဝါယမ အသင်းများထံ ထောက်ပံ့ပေးခဲ့ပါသည်။                     

              အရည်အသွေးပြည့်မီသောကော်ဖီစေ့ (ခွဲခြမ်း) နှင့် ကော်ဖီမှုန့်များ ထုတ်လုပ်ရောင်းချ နိုင်ရန်အတွက် အောက်ပါသင်တန်းများအား သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်း၍ ဖွင့်လှစ် ပို့ချပေးခဲ့ပါသည် -

 

စဉ်

သင်တန်းအမျိုးအစား

အကြိမ်ရေ

ဖွင့်လှစ်ပို့ချပေးသည့် ဌာန

ကော်ဖီစိုက်ပျိုးနည်းသင်တန်း

၁ ကြိမ်

ကျေးလက်ဦးစီးဌာန+ စိုက်ပျိုးရေးဦးစီးဌာန

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်နည်းသင်တန်း

၂ ကြိမ်

အသေးစားဦးစီးဌာန

စက်ကိရိယာကိုင်တွယ်မောင်းနှင်ခြင်းနှင့်ပြုပြင် ထိန်းသိမ်းခြင်းသင်တန်း

၁ ကြိမ်

အသေးစားဦးစီးဌာန

လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်းသင်တန်း

၁ ကြိမ်

အသေးစားဦးစီးဌာန

 

စုစုပေါင်း

၅ ကြိမ်

 

                                                                            

              ယင်းသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ယင်းဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန (၃) ခု၏ စက်ပစ္စည်း၊ ငွေကြေးနှင့်နည်းပညာကူညီပံ့ပိုးမှုတို့ကြောင့် ကော်ဖီသမဝါယမအသင်း (၅) သင်းအနေဖြင့် အကျိုးအမြတ်များ သိသာစွာ တိုးပွားလာခဲ့ပြီး သမအသင်းဝင်ကော်ဖီစိုက်တောင်သူများ၏ ဝင်ငွေမှာလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ် (၂၀) သိန်းခန့် ရရှိရာမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လဘတ်ဂျက် တွင် ကျပ်(၅၀.၃၅၅) သိန်းထိ တိုးပွားရရှိခဲ့ပါသည်။ ကော်ဖီသမဝါယမအသင်းများ၏ အကျိုးအမြတ်ရရှိမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ်

သမအသင်း

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်

(ကျပ်သိန်း)

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်

(၆)လဘတ်ဂျက် (ကျပ်သိန်း)

ရွာငံမြို့နယ်သမဝါယမအသင်းစု

၃၁.၆၉၅

၂၁၈.၂၅

ကောင်းထက်ဟိန်း

၃.၀၈

၈၁.၅၀

ရွှေသိင်္ဂီကော်ဖီအသင်းစု

၆၉.၃၀

၁၂၄.၀၉

မြသရဖူ

၄.၅၀

၁၀.၇၇

မြစ်ဖျားပန်းလောင်

၁၂.၀၀

၃၅.၀၀

 

စုစုပေါင်း

၁၂၀.၅၇၅

၄၆၉.၆၁

              ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရေး၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များ၊ စီးပွားရေးလိုအပ်ချက်များ၊ စီးပွားရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm