မြစ်ကြီးနား၊ စက်တင်ဘာ ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ ဧရာထွန်းလယ်ယာနှင့်အထွေထွေစီးပွား ရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းအဝေးကို ရပ်ကွက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အသင်းမှတာဝန်ရှိသူများနှင့် အသင်းသား ကိုယ်စားလှယ် ၁၂၅ ဦး တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နိုင်နိုင်မော်က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မိုးစပါး၊ စိုက်ပျိုးရေး၊ မွေးမြူရေးတို့ကို သမဝါယမကဏ္ဍမှ ဆောင်ရွက်ပေး လျက်ရှိသည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အသင်းမှ စုဆောင်းငွေပေါ်အတိုး ငွေကျပ် ၅၀၁၄၅၀၀ နှင့် တက်ရောက်လာသည့် အသင်းသူအသင်းသားများအား ရွှေမင်းသား ဆပ်ပြာ၊ ဆပ်ပြာအမွှေးခဲနှင့် နေကြာဆီများပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်