ဘားအံ စက်တင်ဘာ၂၄
ကရင်ပြည်နယ် သမဝါယမအသင်းစုချုပ်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဘားအံမြို့ ကရင်ပြည်နယ်သမဝါယမအသင်းစုချုပ်ရုံးအစည်း အဝေးခန်းမ၌ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကျင်းပရာ ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ဆုယဉ်မြင့်မှ လမ်းညွှန်အမှာစကားပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ အမှုဆောင်ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှုစရင်းအား၊ အသင်းဒုဥက္ကဋ္ဌ ဦးလင်းခိုင်မှ ဖတ်ကြား ခြင်းနှင့် အသင်းစာရင်းဝင်အဖွဲ့ခေါင်းဆောင်ဦးသန်းထွန်းက အသင်းစာရင်းစစ်အဖွဲ့အစီရင်ခံစာကို ဖတ်ကြားခဲ့သည်။ ၎င်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို တက်ရောက်လာကြသောအသင်းဝင် ကိုယ်စားလှယ်များက သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။ (၂၀၂၂-၂၀၂၃) ဘဏ္ဍာ ရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနလက်အောက်ရှိ ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ပြည်နယ်ဦးစီးဌာနများမှ ပြည်နယ်မှူးများ၊ အသင်းစုချုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိ ရပါသည်။
ဘားအံသတင်းဌာနခွဲ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်