Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းသက်သာကုန်မျိုးစုံအရောင်းဆိုင် ဖွင့်လှစ်ရောင်းချမှု ကြည့်ရှုအားပေးခြင်းနှင့် စက်ရေတွင်းသစ်တူးဖော်ခြင်းနှင့် တွင်းဟောင်းပြုပြင်ခြင်းသင်တန်းတက်ရောက်သည့် သင်တန်းသားများအား တွေ့ဆုံအားပေး


25 Sep,2023

၂၉ရက် စက်တင်ဘာလ ၂၀၂၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ရုံးအမှတ်(၃၆-ဘီ)တွင် ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားဖြင့် ရောင်းချလျက်ရှိသော ဝန်ထမ်းသက်သာကုန်မျိုးစုံအရောင်းဆိုင် ဖွင်လှစ်ရောင်းချနေမှုများကြည့်ရှုအားပေးပြီး သုတေသနသင်တန်းခန်းမတွင် စက်ရေတွင်းသစ်တူးဖော်ခြင်းနှင့် တွင်းဟောင်းပြုပြင်ခြင်းသင်တန်း တက်ရောက်နေသော သင်တန်းသားများနှင့်တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို သင်တန်းသား/သင်တန်းသူ ၂၈ဦးတက်ရောက်ကြပြီး၊ သင်တန်းကာလမှာ (၂၅-၉-၂၀၂၃) ရက်နေ့မှ (၂၉-၉-၂၀၂၃ )ရက်နေ့ထိ  ၅  ရက်ကြာ သင်ကြားပို့ချ‌ပေးမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm