မိုးနဲ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်း အတွင်းရှိ သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာပတိဦးအေးအေးလွင်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်နန်းကြည်ကြည်မြင့်က လမ်းညွှန်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန၏ နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းများအား ဖတ်ကြား ရှင်းလင်းခြင်း၊ ဒုဥက္ကဋ္ဌမှ အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း၊ အသင်းသား စာရင်းစစ်မှ အသင်းသားစာရင်းစစ် အစီရင်ခံစာများကို ဖတ်ကြားတင်သွင်းခြင်း၊ အခမ်းအနားမှူးမှ နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ၊ အသင်းအမှုဆောင်အဖွဲ့၏ အစီရင်ခံစာများ၊ အသင်းသား စာရင်းစစ်အစီရင်ခံစာများအား အသင်းသူအသင်းသားများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး သဘာပတိ ဦးအေးအေးလွင်က တင်ပြချက်များကို အတည်ပြုကြောင်း ကြေညာခဲ့သည်။
ထို့နောက် အသင်းသူအသင်းသားများမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ သမဝါယမ အသင်းတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြပြီး သဘာပတိကြီးမှ နီဂုံးချုပ်အမှာစကား ပြောကြားပေးခဲ့ပြီး အစည်းအဝေးအခန်းမှ ထွက်ခွာကာ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်