Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


25 Sep,2023

မင်္ဂလာဒုံ စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်တွင် အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်း လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ထောက်ကြန့်သပြေညိုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မင်္ဂလာဒုံခရိုင် အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိ တက် အမှုဆောင်ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းက (၂၀၂၂/၂၀၂၃) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော စီးပွားရေးလုပ်ငန်းများ၊ အသင်း​ကြီးတိုးတက်ရာ တိုးတက်ကြောင်းအတွက် အကြံကောင်း၊ ဉာဏ်ကောင်းများ၊ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်ဥမ္မာမြင့်က ဌာနပေါင်းစုံနှင့် ဖွဲ့စည်းထားပြီး ကုန်စျေးနှုန်းတွေမြှင့်မားလာသော အခြေအနေတွင် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ပံ့ပိုးပေးနေခြင်းဖြစ်ကြောင်း စသည့် ရည်ရွယ်ချက်များကို အမှာစကားပြောကြားသည်။

ဆက်လက်၍ မင်္ဂလာဒုံခရိုင် သမဝါယမအသင်းဒုဥက္ကဋ္ဌ ဦးကျော်ရွှေက ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်နှင့် (၁.၁၀.၂၀၂၁ မှ ၃၁.၃.၂၀၂၂ )ဘဏ္ဍာရေးကာလများအတွင်း တစ်သင်းလုံး၏အရှုံး/အမြတ် နှစ်ချုပ်စာရင်းများကို ဖတ်ကြားတင်သွင်းပြီး အသင်းစာရင်းစစ်ခေါင်းဆောင် ဦးသန်းညွှန့်က ဘဏ္ဍာ ရေးနှစ်အတွင်း လုပ်ငန်းဆိုင်ရာ နှစ်ချုပ်ဘဏ္ဍာရေးစာရင်းစစ်အစီရင်ခံစာအား ဖတ်ကြားခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်း အား အသင်းကိုယ်စာလှယ်များမှ ဆွေးနွေးအကြံပြုချက်ရယူခြင်းများအပေါ် ပြန်လည်ဆွေးနွေး မေးမြန်းခြင်း မရှိပါကြောင်း သိရသည်။ မင်္ဂလာဒုံမြို့နယ်၌ အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမ အသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသင်းသူ၊ အသင်းသားဦးရေ စုစုပေါင်း (၃၄၈၅၈)ဦးရှိပြီး အစုထည့်ဝင်ငွေ၏ စုစုပေါင်း ငွေကျပ်(၁၈၆၇၄၄၄၇၅)ရှိကြောင်း သိရသည်။

မြတ်သူဇာ(မင်္ဂလာဒုံ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm