Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဆင်းပွဲကျင်းပ


25 Sep,2023

သရက် စက်တင်ဘာ ၂၅
 
          မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ ဝင်ငွေတိုး လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်စေရန် နှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ကိုယ်ပိုင်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကာ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က အဆိုပါဦးစီးဌာန ခန်းမ ၌ ကျင်းပပြုလုပ်သည်။
 
          ရှေးဦးစွာ သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းက သင်တန်းသားများအနေဖြင့် သင်တန်းမှ ရရှိသော အတက်ပညာများကို ပြန်လည်အသုံးချစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေကြေးအခက်အခဲရှိပါက မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေ ပံ့ပိုးမှု အကူအညီ ရယူနိုင်ကြောင်း၊ မိမိတို့ တက်မြောက်ထားသော ပညာရပ်များဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာ၌ နားမလည်မှုများရှိခဲ့လျှင် သင်တန်းနည်းပြ ဆရာများကို ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင် လာရောက်၍ ဖြစ်စေ အကူအညီတောင်းခံနိုင်ကြောင်း ပြောကြားသည်။
 
          ထို့နောက် သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးနှင့် တာဝန်ရှိသူများက ထူးချွန်သင်တန်းသားများအား ဆုချီးမြှင့်ပြီး ၊သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ အား သင်တန်းသားများ ထံသို့ ပေးအပ်သည်။
 
          အဆိုပါသင်တန်းသို့ သင်တန်းသား ၁၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၁၅ ရက်ကြာ စာတွေ့၊လက်တွေ့ဖြင့် သင်ကြားပို့ချခဲ့ကြောင်း သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm