Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ်၌ VDP စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၁၅၀၀ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ


25 Sep,2023

မင်းဘူး စက်တင်ဘာ ၂၅
 
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ၁၀ ရွာ အတွက် စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၁၅၀၀ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
          အခမ်းအနားတွင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက် နှင့် စီမံကိန်း လုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာသူ၊သားများ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
 
          ဆက်လက်၍ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ၁၀ ရွာအတွက် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၅၀ စီ ဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၁၅၀၀ ကို ကျေးရွာ ကော်မတီဝင်များထံသို့ လွှဲပြောင်း ပေးအပ်သည်။
 
          အဆိုပါအခမ်းအနားသို့ ကျေးရွာ ၁၀ ရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ဝင် ၂၀ ဦးတက်ရောက်ခဲ့ပြီး ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၅၀ စီ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ နည်းပညာ ပံ့ပိုးမှု၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm