လပွတ္တာ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန်လျာထားသည့် အုန်းပင်စု-ရွှေပြည်သာ ကျေးရွာချင်းဆက်တံတား ချဉ်းကပ်လမ်းဆောင်ရွက်မည့် လုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ စစ်ဆေးရေးအရာရှိချုပ်ဦးရဲခေါင်ထွန်း၊ တိုင်းဒေသကြီးညွန်ကြားရေးမှူး (မြို့ပြ) ဦးမင်းသိန်းနှင့် လပွတ္တာခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကြွယ်ကြွယ်ဝင်းတို့က စက်တင်ဘာ ၁၅ ရက်တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါဆောင်ရွက်မည့် ချဉ်းကပ်လမ်းမှာ အရှည်ပေ ၆၀၀၊ အကျယ် ပေ ၂၀၊ အမြင့် ၁၀ ပေ ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်