Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် တောင်ဘိုရွာသစ် ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုစစ်ဆေး


25 Sep,2023

စလင်း စက်တင်ဘာ ၂၅
 
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တောင်ဘိုရွာသစ် ကျေးရွာ၌ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်း နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။           
 
         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမောင်မောင်သွင် နှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာ ရေရရှိရေး ကော်မတီဝင်များ နှင့်အတူ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် စပ်ဆက်လုပ်ငန်းများ‌ဆောင်ရွက်နေမှုအခြေအနေများ ကို ကွင်းဆင်းစစ်ဆေးပြီး မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဝင်းမြတ်သိန်း က ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ ခိုင်မြဲ အောင် ဝိုင်ဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
 
စလင်းမြို့နယ်‌ တောင်ဘိုရွာသစ်ကျေးရွာ၌ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ 5.5 HP ရေမြှုပ်ပန့်တပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေကျပ် ၂၈ သန်းဖြင့် စေတုတ္တရာချင်းတိုင်းရင်းသားများဖွံ့ဖြိုးရေး ကုမ္ပဏီ က ယခုနှစ် ဇွန်လ ၁၈ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် တောင်ဘိုရွာသစ်ကျေးရွာရှိ အိမ်ခြေ ၇၄ အိမ်နှင့် လူဦးရေ ၄၁၀ ဦး တို့အတွက် ရာသီမရွေး သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိ နေပြီ ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဝင်းမြတ်သိန်း ပြောပြ၍ သိရသည်။        


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm