Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တန့်ယန်းမြို့နယ် လွယ်ငင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


25 Sep,2023

တန့်ယန်း စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၄၂ ဒသမ ၃၅၉ သန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တန့်ယန်းမြို့နယ် လွယ်ငင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို (၂၄-၉-၂၀၂၃)နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တန့်ယန်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်နှင့် မြို့နယ် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်း ကော်မတီဝင်များနှင့်အတူ လွယ်ငင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်‌နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။

အဆိုပါ လွယ်ငင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် တစ်မိုင် အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မထု ဗြန်းကျောက်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၄၂ ဒသမ ၃၅၉ သန်းဖြင့် တင်ဒါ အောင်မြင်သည့် မောဝ်ချယ်ရီကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ လွယ်ငင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက  ကျေးရွာရှိ အိမ်ခြေ ၈၃ အိမ်၊ လူဦးရေ ၃၈၈ ဦးတို့၏ စိုက်ပျိုးမြေဧက ၈၇ ကျော်ကို အကျိုးပြုနိုင်မှာ ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေ ဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm