Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘူးသီးတောင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)ဆောင်ရွက်နေသည့် ကျေးရွာများကို ကွင်းဆင်းဆောင်ရွက်ခြင်း


22 Sep,2023

ရခိုင်ပြည်နယ် ၊ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင် နှင့် တာဝန်ခံ အင်ဂျင်နီယာဝန်ထမ်းများ၊စီမံကိန်းလုပ်ငန်းတာဝန်ခံများက  ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်း ဆောင်ရွက်နေသည့် ကျေးရွာ (၇) ရွာအနက်မှ ပြင်ရှည်ကျေးရွာ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း နှင့် ကြာညိုပြင် ကျေးရွာ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း တို့ကို (၂၂-၉-၂၀၂၃) ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ပြည်ရှည်ကျေးရွာနှင့် ကြာညိုပြင်ကျေးရွာ သို့ရောက်ရှိပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ကော်မတီဝင်များနှင့်တွေ့ဆုံကာ အရည်အသွေးပြည့်ဝပြီး အချိန်မှီပြီးစီး နိုင်ရေးအတွက် ကျေးလက်ဦးစီးဌာနမှ ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျေးရွာကော်မတီဝင် များမှလည်း အခက်အခဲများရှိပါက ကျေးလက်ဦးစီးဌာနသို့ သတင်းပို့ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါ ကြောင်းသတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm