Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ် ဂွေးကုန်းကျေးရွာ၌ စိုက်ပျိုးမြေဧက ၁၂၀၀၀ ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး


22 Sep,2023

မိတ္ထီလာ   စက်တင်ဘာ   ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာပို့ဆောင်နိုင် စေရန်ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်သည့် မြောက်လည်ကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက် လုပ်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊  မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့်ဝန်ထမ်းများက သက်ဆိုင်ရာကျေးရွာ ကော်မတီဝင်များ၊ ကုမ္ပဏီမှတာဝန်ရှိ သူများနှင့်အတူ ဂွေးကုန်းကျေးရွာ၌ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို‌ ဆွေးနွေးမှာကြားပါသည်။  

အဆိုပါကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ၂ မိုင်၊ အကျယ် ၁၈ ပေ၊ အမြင့် မြေသား ၂ ပေနှင့် ၉ လက်မထု ဂျင်းခင်းခြင်း၊ Slab Culvert နှစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းတို့ကို ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၄၀ ဒသမ ၆၃ သန်းဖြင့် တင်ဒါအောင်မြင်သည့် ပျော်ဘွယ်သား ကုမ္ပဏီက ဩဂုတ်လဒုတိယပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း အားလုံး၏ ၃၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက ဂွေးကုန်း၊ ကြိုးစု၊ ရေငံ၊ ကျောက်ဖူး ကျေးရွာလေးရွာရှိ အိမ်ခြေ(၆၅၉) အိမ်၊ လူဦးရေ ၃၄၄၅ ဦးတို့၏ စိုက်ပျိုးမြေလယ်ယာထုတ်ကုန်ဧက(၁၂၀၀၀)ကျော် အကျိုးပြု မည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm